မိုင်းငေါ့မြို့တွင် မျောက်ကျောက်ရောဂါအသိပညာပေး နံရံကပ်စာ‌‌စောင်ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မိုင်းငေါ့မြိုတွင်‌ မျောက်ကျောက်ရောဂါ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက ဩဂုတ် ၁၅ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာအုပ်စု၊ သံပတ်ကွင်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေနှင့် ဒီရေမြင့်တက်ချိန်ကြောင့် လူနေအိမ်များ ရေကျော်တက်မှု ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာအုပ်စု၊ သံပတ်ကွင်းကျေးတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေနှင့် ဒီရေမြင့်တက်ချိန်ကြောင့် လူနေအိမ်များ ရေကျော်တက်မှု ဖြစ်ပွားကြောင်း သိရသည်။

မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရုံးခန်း၌ ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က စာရေးဆရာ ဒေါက်တာကျော်စိန်၏ လူငယ်လမ်းညွှန်စာအုပ်မှ “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ အဟာရဖွံဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနား ပုသိမ်မြို့၌ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ် အဟာရဖွံဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ပုသိမ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ အချိန်၌ကျင်းပသည်။

မောင်တောမြို့၌  သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ လုပ်ဆောင်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ထားရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းမှစ၍ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့် ဆောင်ရွက် ထားရှိကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာတွင် စိုက်ပျိုးထားသောငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ ငရုတ်စိုက်ဧက (၃၄၁၇)ဧက စိုက်ပျိုးရန် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် (၉၄၄)ဧကစိုက်ပျိုးထားရှိရာ ကုန်းကြီးကျေးရွာတွင်စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်လျက်ရှိကြောင်း သိရှိရသည်။

ဒေးဒရဲမြို့၌ အခြေခံပညာကျောင်းများသို့ ကျောင်းကျန်းမာရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်း လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အလေ့အကျင့် ကောင်းများ ရရှိကျင့်သုံး နိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက အခြေခံမူလတန်းကျောင်း (ဗိုလ်ချုပ်)တွင် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ် ငဝန်မြစ်အတွင်း ငါး‌သားပေါက်ကောင်ရေ ငါးသိန်း ငါးမျိုးစိုက်ထည့်

ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသအတွင်း ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားစေရန် ရည်ရွယ်၍    ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင် ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က ငါးသိုင်းချောင်းမြို့ ရှေ့ဆောင်ရပ်ကွက်သောင်ရွာကူးတို့ ဆိပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး သတိပေးချက်များ လှည့်လည် နှိုးဆော်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်များဖြင့် နှိုးဆော်လျက်ရှိကြောင်း သိရသည်။
Subscribe to