လားရှိုးလူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကလေးသူငယ်များ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နေ့လယ်(၁)နာရီအချိန်က ကလေးသူငယ်များကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

ဇီးကုန်းမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်) ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ဆန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ယနေ့ နံနက် ၈ နာရီခွဲက ဇီးကုန်းမြို့နယ် စည်ပင်သာယာဈေးကြီးအရှေ့၌ ရောင်းချပေးခဲ့သည်။

လေးမျက်နှာမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု ကြီကြီးကျေးရွာတွင် VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကညင်တိုင်းကျေးရွာအုပ်စု ကြီကြီးကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ VRFP စီမံကိန်း ရန်ပုံငွေထုတ်ချေးပေးခဲ့သည်။

မိတ္ထီလာခရိုင်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မိတ္ထီလာမြို့ အောင်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာစိုးသူ(KPZ) ရေးသားထားသည့် လူငယ်နှင့် ပိုမိုလှပသော မနက်ဖြန်များဆီသို့စာအုပ်အား ယနေ့မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများက ယနေ့ ၁၀ နာရီအချိန်   မြို့ပေါ်ရပ်ကွက်များအတွင်း နှိုးဆော်ခဲ့ကြသည်။

သာကေတမြို့နယ် အမှတ် -၂ အခြေခံပညာအထက်တန်းကျောင်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ အားစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန် က သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စိန်ညီလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to