မိုင်းငေါ့ ဩဂုတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မိုင်းငေါ့မြိုတွင် မျောက်ကျောက်ရောဂါ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မျောက်ကျောက်ရောဂါ အသိပညာပေးနံရံကပ်စာစောင်တွင် မျောက်ကျောက်ရောဂါ အဖြေရှာဆောင်းပါး၊ မျောက်ကျောက်ရောဂါလက္ခာဏာများ၊ သင်ကိုယ်တိုင် မျောက်ကျောက်ရောဂါဖြစ်ပွားနေသည်ဟု သံသယရှိပါက Monkey Pox (မျောက်ကျောက်ရောဂါ မိမိကစကာကွယ်ပါ) ရှောင်ကြဉ်ခြင်းအားဖြင့် မိမိကိုယ်ကို မျောက်ကျောက်ရောဂါ ကူးစက်မှုမှကာကွယ်ပါစသည့် မျောက်ကျောက်ရောဂါနှင့်ပတ်စက်သည့် အသိပညာပေးစာစောင်များကို ပြသဆောင်ရွက်ထားရှိရာ ကျောင်းသား/သူလူငယ်၊ လူရွယ်လေးများနှင့် ပြည်သူများမှ လာရောက်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)