မိုင်းငေါ့ ဩဂုတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရုံးခန်း၌ ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က စာရေးဆရာ ဒေါက်တာကျော်စိန်၏ လူငယ်လမ်းညွှန်စာအုပ်မှ “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ် ကစာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေအကြောင်းအရာများကို ဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့်အသိပညာ ဗဟုသုတများတိုးပွားစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နာက် (Youth Club)အသင်းမှ မသီတာခိုင်က” ပညာဟူသည်”၊ မောင်ရဲလင်းဦးက“ဉာဏ်ရည် နှင့်ထမြောက်မှု” မောင်ငြိမ်းစည်သူက” မှတ်ဉာဏ်၊စိတ်ဝင်စားမှုနှင့်စေ့ဆော်မှု” နန်အေးဟွမ်က “သင်ယူရမည့်အရာနှင့် သင်ယူနည်း” မောင်အောင်ဇော်ဦးက “ထိရောက်သော စာပေလေ့လာနည်း ”စသည့် ခေါင်းစဉ်အသီးသီးတို့ကိုဖတ်ကြားခဲ့ကြပြီး စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း နှင့်စာဖတ်ဝိုင်းကိုတစ်လလျှင်(၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)