ရေကြည်မြို့နယ် ငဝန်မြစ်အတွင်း ငါး‌သားပေါက်ကောင်ရေ ငါးသိန်း ငါးမျိုးစိုက်ထည့်

ရေကြည် ဩဂုတ် ၁၈

ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသအတွင်း ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားစေရန် ရည်ရွယ်၍    ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင် ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က ငါးသိုင်းချောင်းမြို့ ရှေ့ဆောင်ရပ်ကွက်သောင်ရွာကူးတို့ ဆိပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးလွင်ကငါးမျိုးစိုက်ထည့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးသန်းချစ်အေးနှင့် တာဝန်ရှိသူများက အင်းသားကြီးများနှင့် ငါးမွေးတောင်သူများထံ ငါးသားပေါက်များ လွှဲပြောင်းပေးအပ်ခဲ့ပြီး ငဝန်မြစ်အတွင်းသို့ (၂)လက်မအရွယ် ငါးမြစ်ချင်း ကောင်ရေ(၃)သိန်း၊ ငါးခုံးမကြီးကောင်ရေ(၂)သိန်း စုစုပေါင်းငါးသားပေါက် ကောင်ရေ(၅)သိန်းအား ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့် အဖွဲ့ဝင်များ ရေကြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများ၊ ပုသိမ်ငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးမျိုးနိုင်ဦးနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဝင်များ အင်းသားကြီးများနှင့် ငါးမွေးတောင်သူများစုစု‌ပေါင်း (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)