ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာတွင် စိုက်ပျိုးထားသောငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ ငရုတ်စိုက်ဧက (၃၄၁၇)ဧက စိုက်ပျိုးရန် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် (၉၄၄)ဧကစိုက်ပျိုးထားရှိရာ ကုန်းကြီးကျေးရွာတွင်စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်လျက်ရှိကြောင်း သိရှိရသည်။

ငရုတ်သီးနှံများစိုက်ပျိုးရာတွင် တိုက်နယ်(၁)တွင် (၃၄၁)ဧက၊ တိုက်နယ်(၂)တွင်(၂၂၇)ဧက၊ တိုက်နယ်(၅)တွင်(၁၃)ဧက၊ တိုက်နယ် (၆)တွင် (၁၂၇)ဧက၊တိုက်နယ်(၈)တွင်(၁၅)ဧက၊ တိုက်နယ်(၁၀)တွင်(၆၈)ဧက၊ တိုက်နယ်(၁၁)တွင်(၁၅၃)ဧက၊ စုစုပေါင်း(၉၄၄)ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ငရုပ်သီးနှံများကို မြေအနေအထားနှင့် ဈေးကွက်ရရှိရေး တစ်နိုင်တစ်ပိုင်သာမကစီးပွာဖြစ် အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်တန်းစိုက်ပျိုးခြင်း၊ နှစ်ပင်တန်းစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း ငရုတ်သီးနှံများကို အသီးအစိမ်းခူးဆွတ်ရောင်းချသကဲ့သို့ အခြောက်လှန်းကာ ဈေးကွေက်အနေအထားအပေါ်မူတည်၍ ရောင်ချခြင်းများပြုလုပ်ကြကြောင်း ကုန်းကြီးကျေးရွာမှ တောင်သူဦးထွန့်ညွှန့်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)