မုဒုံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပညာပေးစကားဝိုင်းကျင်းပ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက “ လူကုန်ကူးမှု တိုက်ဖျက်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး ” ခေါင်းစဉ်ဖြင့် ပညာပေးစကားဝိုင်းကို ရှင်အရဟံခန်းမ၌ ကျင်းပသည်။