ငရုတ်ကောင်း ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာအုပ်စု၊ သံပတ်ကွင်းကျေးတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေနှင့် ဒီရေမြင့်တက်ချိန်ကြောင့် လူနေအိမ်များ ရေကျော်တက်မှု ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါရေမြင့်တက်မှုကြောင့် အိမ်ခြေ(၈၀)ခန့်အား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တပ်မတော်သားများက သံပတ်ကွင်းရွာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွေ့ပေးပြီး ကျန်နေအိမ်(၁၂၀)ခန့်မှာ နေအိမ်အမြင့်များ ဖြစ်သဖြင့်ရေလွတ်သည့် နေအိမ်အပေါ်ထပ်များတွင် နေထိုင်ကြသည်။ ၎င်းရေကျော်မြင့်တက်သည့် လူအိမ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများမှ စားသောက်ဖွယ်ရာများ စီစဉ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ငရုတ်ကောင်း (ပြန်/ဆက်)