မင်္ဂလာဒုံ သြဂုတ် ၁၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီခွဲအချိန် က ရွှေနံ့သာကျေးရွာအုပ်စု၊ လေးထောင့်ကန်စံပြကျေးရွာ၌ မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စည်းကမ်းချက်များအား ဒေါက်တာ နေခြည်နွေး က အသေးစိတ်ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လေးထောင့်ကန်စံပြကျေးရွာမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၃၇)ဦး တတ်ရောက်ခဲ့ကြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇီဝလုံခြုံမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မွေးမြူရေးခြံများတွင် ခြင်၊ ယင်နှင့် မွှားနှိမ်နှင်းရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများအကြောင်း အသေးစိတ် ရေးသားဖော်ပြထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မြတ်မွန်ခင် (မင်္ဂလာဒုံ)