တောင်သာ ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် စပါးစိုက်ပျိုးဧက တစ်ဧကကို ငွေကျပ်(၁၅၀၀၀၀/-)နှုန်းဖြင့် (၁၁)ဧက၊မြေပဲ၊နှမ်း၊ပဲစဉ်းငုံ စိုက်ပျိုးဧက တစ်ဧကကို ငွေကျပ် (၁၀၀၀၀၀/-) နှုန်းဖြင့် (၁၀၀) ဧက စိုက်ပျိုးဧကပေါင်း (၁၁၁) ဧကအတွက် စုစုပေါင်း ငွေကျပ်( ၁၁၆.၅)သိန်းကို ဆီမီးကန်အုပ်စု၊ဆီမီးကန် ကျေးရွာရှိ တောင်သူ (၁၈ )ဦးအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
ကျန်ရှိသည့် တောင်သူများအားလည်း စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ်မန်နေဂျာ ဦးသက်ခိုင်ဇော် ထံမှသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)