ပြည် ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သီတဂူဗုဒ္ဓကောလိပ်(ပြည်)သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန မိသားစုက ယနေ့နံနက်ပိုင်းတွင် ဆွမ်းဆန်တော်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ပြည်ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးနှင့် အဖွဲ့က သီတဂူဗုဒ္ဓကောလိပ် (ပြည်)၌ ဗုဒ္ဓစာပေကျမ်းဂန်တော်များ လေ့လာ သင်ကြား/သင်ယူ သီတင်းသုံးနေထိုင်လျက်ရှိသော စာချ/စာသင် ဆရာတော်၊ သံဃာတော် စုစုပေါင်း (၁၀၂)ပါး ဆွမ်းကိစ္စအတွက် တာဝန်ခံဆရာတော်ထံ ဆွမ်းဆန်တော် (၈)အိတ် လှူဒါန်းခဲ့ကြောင်းနှင့် ဆရာတော်က လှူဒါန်းမှုအတွက် အနုမောဒနာတရား ချီးမြှင့်တော်မူပြီး အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)