ကဝမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကဝ  ဩဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် သပြေကန်ကျေးရွာ အခြေခံပညာမူလတန်း (လွန်)ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုငြိမ်း က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း က လူကုန်ကူးမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးရန်စုဆောင်းခြင်း၊ အမျိုးသမီးများ၏ အားနည်းချက်၊ အမျိုးသမီးများတွေ့ကြုံရသော လူကုန်ကူးမှုအန္တရာယ်၊ မျှော်လင့်ချက်ရောင်ခြည်၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုအင်္ဂါ ()ရပ်နှင့် လူကုန်ကူးမှုပြစ်ဒဏ်များကို ရှင်းလင်းဟောပြောပြီး ရုပ်/သံ- ဦးစိုးပိုင်က ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ပေးပို့သောဒေါက်ဒေါက် တစ်ညလောက်အိပ်ပါရစေလားစာအုပ်ဖြင့် ပုံပြင်များပြောပြခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာနများ၏ ဆက်သွယ်ရန် လိပ်စာများ၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခံရသူများကို ကူညီခြင်း၊ လူကုန်ကူးမှုအန္တရာယ် ပူးပေါင်းကာကွယ်တိုက်ဖျက်မယ်၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိသောဆိုးကျိုးများ၊ လူကုန်ကူးသူများအသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးမှုပြစ်ဒဏ်များ၊ လူကုန်ကူးမှု သံသယရှိပါက ဆက်သွယ်သတင်းပေး အကူအညီတောင်းခံနိုင်ရန် ဖုန်းနံပါတ်များ ပါရှိသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသရာ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)