ကျောက်တလုံးကြီးမြို့၊ နောင်ပစ်ကျေးရွာအုပ်စု၊ ကန်တန်ကျေးရွာ၌ အားကစားကွင်းဖွင့်ပွဲနှင့် အုပ်ချုပ်‌ရေးမှူးဖလားပြိုင်ပွဲ ကျင်းပ

ကျောက်တလုံးကြီး ဩဂုတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် အားကစားကွင်းဖွင့်ပွဲနှင့် အုပ်ချုပ်ရေးမှူးဖလားပြိုင်ပွဲကို ယမန်နေ့က နောင်ပစ်ကျေးရွာအုပ်စု၊ ကန်တန်ကျေးရွာဘောလုံး အားကစားကွင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ကျောက်တလုံးကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်မှ အမှာစကားပြောကြားရာတွင် အားကစားပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များဖြစ်သော ကျန်းမာရေးကောင်းမွန်ပြီး ကြံ့ခိုင်သန်စွမ်းတဲ့ လူသားအရင်းအမြစ်ဖြစ်လာစေရန်၊ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အားကစားစိတ်ဓာတ်အပြည့်၊ စည်းကမ်းတကျ ယှဉ်ပြိုင်ကစားကြရန်ပြောကြားခဲ့သည်။ ထိုနောက် ကစားသမားများကအားကစား သစ္စာဓိဌာန်(၄)ရပ်ကို ရွတ်ဆိုကြသည်။

ဆက်လက်၍ အုပ်ချုပ်ရေးဖလားမှူးပြိုင်ပွဲဖွင့်ပွဲအဖြစ် ဝင်းယနောက်အသင်းနှင့် ရတနာခမ်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂)ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ အဆိုပါ အုပ်ချုပ်‌ရေး ဖလားမှူးပြိုင်ပွဲကို အသင်း(၂၄)သင်းဖြင့် (၃)သင်း(၁)အုပ်စုဖွဲ့ကာ (၈)အုပ်စု ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)