ဘားအံ ဩဂုတ် ၁၈
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂ ခုနှစ် (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဆက်လက်ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာပြည်နယ်ဦးစီးမှူးက e-ID စနစ်ဖြင့် နိုင်(၄)၊ ပုံစံ ၆၆/၆ ရေးသွင်းဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ပန်းခင်းစီမံချက်ဆိုင်ရာကိစ္စရပ်များကိုလည်း ကောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် နည်းပညာအထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုပြီးစီးမှုအခြေအနေ၊ ရန်ပုံငွေရရှိမှုနှင့် (၆)လပတ်ကာလအတွင်း ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သံယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ် ဥပဒေချုပ်တို့က ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၏ တင်ပြဆွေးနွေးချက်များအပေါ် ထပ်ဆင့်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြကာ အစည်းအဝေးသို့တက်ရောက်လာသူများက ဆွေးနွေးချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တင်ပြဆွေးနွေးချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ်(၈)ရပ်အတိုင်း စနစ်တကျအောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရွက်သွားဖို့လိုကြောင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိတို့၏တာဝန်ဝတ္တရားများအားသိရှိပြီး စေတနာအရင်းခံဖြင့် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများအားလုံး အရည်အသွေးပြည့်မီစွာဖြင့် သက်မှတ်ကာလအတွင်းပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း စသည်ဖြင့် နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)