မြေပုံမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည် နှိုးဆော်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် စက်လှေဆိပ်များသို့ သွားရောက်လှည့်လည် ကြေငြာသည်။

လွိုင်ကော်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ လွိုင်ကော်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီအချိန် က အဆိုပါခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာန၊ Book Clubအဖွဲ့တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ချောင်းဆုံတွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ချောင်းဆုံမြို့နယ် (ပြန်/ဆက်) ဌာနနှင့် မွန်ပြည်နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၁နာရီခွဲက၊ ကလေးအလုပ်သမား‌လျော့နည်းပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ကျင်းပပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (Bakery & Snack) သင်းတန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သန်လျှင်ခရိုင် အသေးစား စက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (Bakery & Snack) သင်တန်းကို ယမန်နေ့နံနက် ၁၁ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရုံးခန်းမတွင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယနေ့  နံနက် ၁၀ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးချက်များအား အသိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္က၏ ကြီးကြပ်မှုဖြင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့်ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်တစ်ခုဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ယနေ့နေ့လယ်(၁၂)နာရီက မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်လျက်ရှိသည်။

တောင်ငူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်

ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ် စိတ်ဓါတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်း က အမှတ် ၇ အခြေခံပညာအထက်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိ ပညာဗဟုသုတရရှိစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန် က သီရိဟေမာရပ်ကွက် အခြေခံပညာ (မူလွန်)ကျောင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ အ.မ.က(မော်ကျော့) ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။
Subscribe to