ချောင်းဆုံ ဩဂုတ် ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ချောင်းဆုံမြို့နယ် (ပြန်/ဆက်) ဌာနနှင့် မွန်ပြည်နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၁နာရီခွဲက၊ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ် (ပြန်/ဆက်) ဦးစီးအရာရှိ ဒေါ်မိသူဇာက ဆွေးနွေးပွဲကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် မွန်ပြည်နယ်၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းအေးက ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံချက် ကာလအပိုင်းအခြား၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်၊ အရွယ်မတိုင်မီ ကလေးငယ်များလုပ်ငန်းခွင်သို့ ရောက်ရှိလာရတဲ့ အဓိကအကြောင်းရင်းအရွယ် မရောက်သေးသည့် ကလေးငယ်များကို ခိုင်းစေမည်ဆိုပါက ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ ကလေးအလုပ်သမားပပျောက်အောင် ဆောင်ရွက်သင့်သည့် နည်းလမ်းများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)