ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ထန်းတပင်(ပဲခူး)   သြဂုတ်   ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိ ပညာဗဟုသုတရရှိစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန် က သီရိဟေမာရပ်ကွက် အခြေခံပညာ (မူလွန်)ကျောင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင် က စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ဟောပြောပြီး၊ မြို့နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဒေါ်စီစီစိုးဦး က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်က ကလေးများကိုယ်ကာယ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေး ရည်ရွယ်၍ ကလေးငယ်များအား ရုပ်ပုံစာအုပ်များဖြင့် ပုံပြင်ပြောပြခြင်း၊ ကလေးငယ်များအား စာဖတ်သည့်အလေ့အထများ ရရှိစေရန် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးပြီး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်တိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမူအန္တရာယ် အကြောင်းအသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်အမျိုးသမီးကော်မတီမှ ကျောင်းသား/သူများအား ချောကလက်မုန့်များ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)