သရက်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

သရက် ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာန၊ Book Clubအဖွဲ့တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် Book Club (ဉက္ကဋ္ဌ) လက်ထောက်ပညာရေးမှူး(ငြိမ်း) ဦးအောင်ကျော်စိုးက လူငယ်များ စာဖတ်ခြင်းအကျိုးနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီး အရာရှိ ဦးဇော်ဝမ်းထွန်းက လူငယ်များ စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ပြောကြားပေးခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းက မိမိစိတ်ကို အောင်နိုင်သည့် ပညာရှိသော ပေါက်တူးမင်းသားဝတ္ထု၊ ဦးမြင့်ဆွေက မိဘကျေးဇူး သိတတ်ပုံကို ကေဒါရကျေးမင်းဝတ္ထု ၊ဆရာမ ဒေါ်မြို့ရင်က ပညာဉာဏ်ကြီးမားမှုနှင့်ပတ်သက်၍ မဟောသဓာသားတရားစီရင်ခန်း၊ ဆရာမ ဒေါ်အေးအေးစန်းက ဇွဲလုံ့လနှင့်ပတ်သက်၍ မဟာဇနက္ကမင်းသားဝတ္ထု၊ ဆရာ ဦးအောင်မြင့်က သာဝရမင်းသားဝတ္ထုတို့ကို အသီးသီးဆွေးနွေးခဲ့ရာ မောင်းမင်းသိမ်း(သရက်)က ဆရာ/ဆရာမများ၏  ဆွေးနွေးမှု့အပေါ်  ကျောင်းသား/ ကျောင်းသူများက လေ့လာမှတ်သားကာ မိမိ၏တို့ဘဝ အောင်မြင်တိုးတက်ပြီး နိုင်ငံတော်အတွက် တန်ဖိုးရှိသည့် သားကောင်း သမီးမွန်များဖြစ်လာစေရန် ကြိုစားကြရန် ပြောကြားပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသထားမှုအား ကြည့်ရှု့ လေ့လာခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)