ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

မောင်တော ဩဂုတ် ၁၈

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယနေ့  နံနက် ၁၀ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းအုပ်ဆရာကြီး ဦးစစ် အောင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်းနှင့်ပတ်သတ်၍ ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးမောင်အေးသာက  ကျောင်းသား/သူများအနေဖြင့် ကျန်းမာရေး  အသိပညာဗဟုသုတများ ၊ ကျန်းမာစွာနေထိုင်နည်းများ ၊ အစာအာဟာရအုပ်စုများ ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ၊ လက်ဆေးနည်း ၊ သွား နှင့် ခံတွင်း ကျန်းမာရေး ဆိုင်ရာ အသိပညာပေးခြင်း၊ မိုးတွင်းဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်း စသည့်တို့ကို အသိပညာပေးဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဆွေလှိုင်ငြိမ်းက အားကစားပညာရပ်များဖြစ်သော ဘောလုံးကစားခြင်းဆိုင်ရာ နည်းစနစ်များ ၊ဘော်လီဘောကစားခြင်းဆိုင်ရာ နည်းစနစ်များ၊ ပြေးခုန် ပစ်ဆိုင်ရာ နည်းစနစ်များ၊ စစ်တုရင်ကစားခြင်းနည်းစနစ်များ၊ စားပွဲတင်တင်းနစ် ကစားနည်းစနစ် များအား အသိပညာပေး ဟောပြောကြားခဲ့ပြီး  တာဝန်ရှိသူများက Physical Fitness Dances အက လှုပ်ရှားမှုများဖြင့် လူငယ်များ  ကျန်းမာကြံ့ခိုင်ပြီး ၊ အားကစားလိုက်စားလိုစိတ် ရှိစေရန် ရည်ရွယ်၍ သရုပ်ဖေါ်ကပြခဲ့ကြကာ အားကစား ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ   မြို့နယ်ကျန်းမာ ရေးမှူး ဦးမောင်အေးသာ၊  အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဆွေေလှိုင်ငြိမ်းနှင့် ဝန်ထမ်းများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစစ်အောင်နှင့် ဆရာ၊ ဆရာမများ ၊ကျောင်းသား/ သူများ စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)