ခရမ်း ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သန်လျှင်ခရိုင် အသေးစား စက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (Bakery & Snack) သင်တန်းကို ယမန်နေ့နံနက် ၁၁ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရုံးခန်းမတွင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင် က အချိန်တိုအတွင်းသင်ကြားရာတွင် အတတ်လွယ်သည့် အသက်မွေး၀မ်း ကျောင်းဆိုင်ရာ အတတ်ပညာတစ်ခုဖြစ်သောကြောင့် မိသားစု တစ်ပိုင်တစ်နိုင် အလုပ်အကိုင်အခွင့်အလမ်း ရရှိကာအပို၀င်ငွေရရှိပြီး စား၀တ်နေရေးအဆင်ပြေစေရန် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ၊ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြတ်သန္တာအောင် က သင်တန်းစည်းကမ်းနှင့် သင်ကြားပို့ချပေးမည့်၊ (Bakery & Snack) သင်တန်းအကြောင်း ရှင်းလင်း ပြောကြား ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းကာလမှာ (၇) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)