ကော့သောင်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပ

ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပသည်။

နောင်ချိုမြို့နယ်  ကြက်ခြေနီအသင်းခွဲမှ ပညာအောင်မြေကိုယ်ပိုင်အထက်တန်းကျောင်းနှင့် WVECကိုယ်ပိုင် အထက်တန်းကျောင်းသို့ ပေါက်ကွဲစေတက်သော ပစ္စည်းများအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ စီစဉ်မှုဖြင့် ပေါက်ကွဲစေတက်သောပစ္စည်းများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပညာအောင်မြေကိုယ်ပိုင်အထက်တန်းကျောင်း၌လည်းကောင်း

ရေတာရှည်မြို့နယ် အ-ထ-က (ရွှေကြက်ယက်) ကျောင်း၌ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အ-ထ-က (ရွှေကြက်ယက်)ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မင်းပြားမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းနှင့် သတိပေးခြင်းများအား ပြည်သူများလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်လမ်းညွန်ဆောင်ရွက်မှုဖြင့်  မုန်တိုင်း အန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းနှင့် သတိပေးခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းကို  မီးသတ်ဦးစီးဌာနက ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကောင်စီ အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းကောင်စီ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ရွှေပြည်စိုးကျေးရွာ၊ အထက(၂) ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။

ပင်းတယမြို့နယ်တွင် မြေပဲစိုက်ခင်းများ စတင်နှုတ်ယူခူးဆွတ်

 ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သည်  ပင်လယ်ရေမျက်နှာပြင် အမြင့် ၃၈၈၀ ပေရှိပြီး စိုက်ပျိုးရေးကိုအဓိကထားပြီး၊ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို

မြောင်းမြမြို့ ၂၀၂၂ ခုနှစ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်း​ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ၂၀၂၂ ခုနှစ် ပညာ​ရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ည​နေ(၃)နာရီတွင် မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့ ကောင်ဝိန်းရပ်ကွက်တွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စျေးကွက်ဝင် လီလီပန်းများ စတင်စိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကောင်ဝိန်းရပ်ကွက်တွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စျေးကွက်ဝင် လီလီပန်းများကို စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားလျက်ရှိသည့် နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် စမ်းကြီးဝရပ်ကွက်တွင် နေထိုင်သော သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတတ်ရောက်ကုသလျက်ရှိသည့် မောင်ဝီရအောင် အသက်(၉)နှစ်၏ နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များအား (Case abate) အဘိတ်ဆေးခပ်ခြင်းနှင့် (Fogging) ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အိမ်မဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ် (MCCT) ထောက်ပံ့ခြင်း ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းကိုယ်ဝန် ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT) ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to