ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း​ဒေသကြီး ဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပုသိမ်ခရိုင်နှင့် ပုသိမ်​မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ရေဘေးသင့် ပြည်သူများအတွက် ရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်း ကျောင်း၊ လွိုင်ကော်ကျောင်းခွဲ(ဆိုက်ခေါင်)တွင်

ဒေးဒရဲမြို့၌ ကြေးတိုင်ရ အင်းသားကြီးများမှ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးသယံ ဇာတများ တိုးပွားလာစေရန်နှင့် ငါးရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ကြေးတိုင်ရ အင်းသားကြီးများမှ ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီက ထောင်မှူးချောင်ကျေးရွာအုပ်စု အုန်းတောထိပ်ရှိ တိုးမြစ်၊ သံဒိပ်မြစ်နှင့် အကယ်(ဒုံရမ်း)မြစ် ဆုံရပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ ကျန်ရစ်သူ အကျိုးခံစာခွင့် ပေးအပ်ပွဲကျင်းပ

ကချင်ပြည်နယ်၊ လူမှုဖူလုံရေးရုံးမှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လူမှုဖူလုံ ရေးရုံးတွင် မှတ်ပုံတင်ထားပြီး လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခဲ့ခြင်း‌ကြောင့် ကျန်ရစ်သူ မိသားစုအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ “မေဂျာမီဒီယာ" ရုံးတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများကို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်အပြင် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားထားရသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ဆိုက်ခေါင်) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံက်(၁၀)နာရီက ကျင်းပကြောင်းသိရသည်။

မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီး (၆)လပြည့် ပြီးသူများကို ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈) နာရီခွဲအချိန်တွင် ရွှေမုဋ္ဌောဘုရားကြီး၏ အနောက်ဘက် အာရုံခံတန်းဆောင်းအတွင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့၌ တအာင်း(ပလောင်)တိုင်းရင်းသားစာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ်နေ့အဖြစ် လူငယ်များ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပ

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်မှ လာမည့် သြဂုတ်လ (၃၀)ရက်နေ့တွင် ကျရောက်မည့် တအာင်း(ပလောင်) တိုင်းရင်းသားစာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်နေ့အဖြစ် တအာင်း(ပလောင်)လူငယ်များ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန် နမ့်ခမ်းမြို့ရှိ မြို့မဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Woman Club အဖွဲ့ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ က စာရေးဆရာလူထုစိန်ဝင်း၏ "လူကြီးလူငယ်ကွာဟမှု "စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်များအသိပညာအခြေခံကောင်းများရရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာအခြေခံကောင်းများရရှိစေရေး စာပေဖတ်ရှုသည့်အလေ့ကျင့်ကောင်းများရရှိစေရေး၊ ကျန်းမာကြံ့ခိုင်ပြီး ပညာပြည့်ဝသည့် လူတော်လူကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျောင်းပိတ်ရက်များတွင် ပန်းချီဆွဲလေ့ကျင့်​ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ အားကစားနှင့်အခြားပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းတို့ကို မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to