ပုသိမ် သြဂုတ် ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပုသိမ်ခရိုင်နှင့် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်တန်းကုန်းအုပ်စု၊ မဏ္ဍပ်ကျေးရွာ၊ ရှမ်းတောကျေးရွာနှင့် ရေငန်စမ်းကျေးရွာရှိ ရေကြီးနစ်မြုပ် အိမ်ခြေ(၁၈၅)လုံး၊ အိမ်ထောင်စု(၁၈၅)စုမှ ဘေးသင့်လူဦးရေ(၇၆၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၆၁၀၇၀ဝိ/-)၊ အိမ်ထောင်စု(၁၈၅)စုအတွက် ကာဘော်လိပ်ဆပ်ပြာ(၁၈၅)တောင့်၊ ရေသန့်ဆေး(၄၀)kg (၁)ပုံး၊ ပြိုကျပျက်စီးအိမ်(၇)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၇)ပုံးနှင့် ရွာဟောင်း ကြီးအုပ်စု၊ ရွာဟောင်းကျေးရွာနှင့်စာရေးကျေးရွာတို့မှ ရေကြီးနစ်မြုပ်အိမ်ခြေ (၁၂၀)လုံး၊ အိမ်ထောင်စု(၁၂၀)စုမှ လူဦးရေ(၅၆၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၁၇၆၀၀ဝိ/-) တိတိတို့အား ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်လမ်းဦးစီး၊ ခရိုင်မီးသတ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများ ပူးပေါင်းပါဝင်သော အဖွဲ့များဖြင့် ဩဂုတ်လ ၁၈ ရက်နေ့က ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး နောက်ဆက်တွဲ နေအိမ်ပျက်စီး ဆုံးရှုံးမှုများအတွက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ သိရသည်။
မြင့်ဟန်(ခရိုင်ပြန်/ဆက်)