ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး(၂၃၃၄၃)ဦး ထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကာကွယ်ဆေးများကို အသက်(၅)နှစ်မှ(၁၅)အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပကလေးသူငယ်များ၊ အသက်(၁၅)မှ(၁၈) နှစ်အတွင်းရှိ သာမဏေများ၊ သီလရှင်များ၊ ကျောင်းသား/ကျောင်းသူများ၊ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကို ပထမ အကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး (၂၃၃၄၃)ဦး ထိုးနှံ ပေးပြီးဖြစ်ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အွန်လိုင်းမှတစ်ဆင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် (၉)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့၌ ပြည်သူများ စာပေဖတ်ရှုမှု အလေ့အထ ဖြစ်စေရန် ရည်ရွယ်၍ နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက်ဖြင့် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရရှိစေပြီး အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ် စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့များ၏လက်ဝယ်အရောက် စာအုပ်များငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ခရိုင်သာသနာရေးဦးစီးဌာနတွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့၌ ဝါတွင်းကာလ ဥပုသ်နေ့တွင် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ​

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဝါတွင်းကာလအတွင်း သံဃာတော်များနှင့် သီလရှင်များအား ဒုတိယ အကြိမ် ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီက ပြုလုပ်ခဲ့သည်။

ဘောဂလိမြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk show ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ပြည်သူများအနေဖြင့် လူကုန်ကူးမှုဖြစ်ပေါ်ရခြင်း၏ အကြောင်းအရာများကို သိရှိနိုင်စေရန်အတွက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ရွှေကျင်မြို့တွင် စာရေးဆရာ မြင်းခြံကျော်ခေါင်(ခ)သန်းထက်စံ၏ "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ မြင်းခြံကျော်ခေါင်(ခ)သန်းထက်စံ၏ "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးငယ်များအနေဖြင့် ကာယ၊ ဉာဏ်ဏ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့် တိုက် ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။

ကဝမြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှု ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်(၇:၀၀)နာရီက ကဝ-ပဲခူးလမ်းမကြီးနှင့် လူစည်ကားရာလမ်းဆုံတို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မန္တလေးတိုင်းဒေသကြီး ရုံးခန်းမ၌ ကျင်းပခဲ့သည်။

မိတ္ထီလာခရိုင်အဆင့် (၂၃)ကြိမ်မြောက် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ အောင်မင်္ဂ လာ ခန်းမ၌ ကျင်းပကြောင်းသိရသည်။
Subscribe to