ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများကို Booster Does ဆေး ဆက်လက်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွှန်မျိုး စိတ်သစ်ဖြစ်သည့် BA.4 နှင့် BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများကို Booster Does ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပုလောမြို့နယ်ခန်းမ၌ ပုလောမြို့ပေါ် ရပ်ကွက်နေ ပြည်သူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက ဩဂုတ် ၁၅ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများ အရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကလောမြို့နယ်၌ လူငယ်ရေးရာအသိပညာဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပူးပေါင်းဆောင် ရွက်မှုတို့ဖြင့်ယမန်နေ့ နံနက် ၁၁ အချိန်ကမြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက အောင်ပန်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပလျက်ရှိကြောင်

ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား ပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး (အမျိုးသမီး) သင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်(၉)နာရီက သီရိမင်္ဂလာ အခြေခံပညာမူလတန်းကျောင်းတွင်  ဆောင်ရွက်ခဲ့သည်။

ဝိုင်းမော်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီမှ ကြီးမှူး၍ ဝိုင်းမော်မြို့နယ် ရပ်ကွက်(၁)ရှိ နန့်မြင်းခချောင်းနှင့် ဧရာဝတီမြစ်အတွင်း၌ ဒုတိယအကြိမ်မြောက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club)စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club)လူငယ်အသင်းတို့ပူးပေါင်း၍ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီ (၃၀) မိနစ်အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to