ဒေးဒရဲမြို့၌ ကြေးတိုင်ရ အင်းသားကြီးများမှ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ဒေးဒရဲ သြဂုတ် ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးသယံ ဇာတများ တိုးပွားလာစေရန်နှင့် ငါးရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ကြေးတိုင်ရ အင်းသားကြီးများမှ  ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီက ထောင်မှူးချောင်ကျေးရွာအုပ်စု အုန်းတောထိပ်ရှိ တိုးမြစ်၊ သံဒိပ်မြစ်နှင့် အကယ်(ဒုံရမ်း)မြစ် ဆုံရပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသိန်းဟန်နှင့် ဝန်ထမ်းများ၊ အင်းသားကြီးများ တက်ရောက်ခဲ့ကြပြီး  ငါးဒန် သားပေါက်ကောင်ရေ သုံးလက်မဆိုဒ် (၁၃၅၀၀၀)ကောင်ကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

အေဇာလင်း