မြစ်ကြီးနားမြို့၌ ကျန်ရစ်သူ အကျိုးခံစာခွင့် ပေးအပ်ပွဲကျင်းပ

မြစ်ကြီးနား ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ လူမှုဖူလုံရေးရုံးမှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လူမှုဖူလုံ ရေးရုံးတွင် မှတ်ပုံတင်ထားပြီး လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခဲ့ခြင်း‌ကြောင့် ကျန်ရစ်သူ မိသားစုအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ “မေဂျာမီဒီယာ" ရုံးတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ကချင်ပြည်နယ် လူမှုဖူလုံရေးရုံးမှ ပြည်နယ်တာဝန်ခံ ဒေါ်သင်းသင်းထွေးက ကျန်ရစ်သူအကျိုး ခံစားခွင့် ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အကျိုးခံစား ခွင့်ရရှိသည့် ကျန်ရစ်သူ မိသားစုဝင်များအား တာဝန်ရှိသူများက အကျိုးခံစားခွင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ အကျိုးခံစားခွင့်ငွေ ထောက်ပံ့ပေးအပ်ရာတွင် “မေဂျာမီဒီယာ” ကုမ္ပဏီမှ ဝန်ထမ်း အမျိုးသားတစ်ဦး သည် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ထားရှိပြီး မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးသွားခဲ့သဖြင့် ၎င်းသည် လူမှုဖူလုံရေးကြေး ပေးသွင်းငွေ လပေါင်း (၆၀) အထက် ပေးသွင်းထားခြင်းကြောင့် လုပ်ခလစာ၏ အဆ (၃၀) နှင့် ညီမျှသည့် အကျိုးခံစားခွင့်ငွေကျပ် (၇,၅၀၀,၀၀၀) ခုနစ်ဆယ်ငါးသိန်းနှင့် နာရေးထောက်ပံ့ငွေ (၆၈၀,၀၀၀) ခြောက်သိန်း ရှစ်သောင်းကျပ် စုစုပေါင်း ငွေ (၈,၁၈၀,၀၀၀) ရှစ်ဆယ်တစ်သိန်းရှစ်သောင်းကျပ်နှင့် AA Medicaal ကုမ္ပဏီ၊ မဟာ ဓာတ်အားလိုင်း၊ မြန်မာ့မီးရထားနှင့် KBZ ဘဏ်တို့မှ ကျန်းမာရေးထောက်ပံ့ငွေများအား ထောက်ပံ့ ပေးအပ်ရာ အကျိုးခံစားခွင့်ရရှိသူမိသားစုဝင်တို့မှ လက်ခံရယူခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)