ဝေါမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များကို ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် အသက် ၅နှစ်မှ ၁၂နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ များအား ကိုဗစ်- ၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေး

ရန်ကင်းမြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်း က သတ်မှတ်ထားသည့် ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆေးထိုးအဖွဲ့များဖြင့် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အမာမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နေ့လယ် (၁)နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်သစ်ပင်ပိကျခြင်း၊ လျှပ်စစ်မီးကြိုးများနှင့် ဓာတ်တိုင်ကျိုးကျဖြစ်ပွားမှုများ ရှင်းလင်းခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၌ မို့အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ်(၆)ရပ်ကွက် ညောင်ရမ်းလမ်းနှင့် ပင်းယ(၃)လမ်းထောင့် လူနေအိမ်အမိုးပေါ်သို့ သစ်ပင်ပိကျခြင်း၊ အမှတ်(၉)ရပ်ကွက် စိတ္တသုခလမ်းတွင် 400V ဓာတ်အားလိုင်းပေါ်သို့ သစ်ပင်ပိကျခြင်းနှင့် အမှတ်(၅၂) ရပ်ကွက်ဓာတ်တိုင်ကျိုးကျခြင်းအား တိုင်အသစ်စိုက်၍ လျှပ်စစ်မီးကြိုးများ ပြန်ဆွဲကာဆာဗစ်ကြိုးများ တိုင်အသစ်ပေါ်ပြောင်းရွှေ့တပ်ဆင်ခြင်း လုပ်ငန်းများကို ယမန်နေ့ညနေပိုင်းတွင် သက်ဆိုင်ရာဌာနများရှိ ဝန်ထမ်းများက ချက်ချင်းသွားရောက် ဖယ်ရှားရှင်းလင်းခြင်းနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးမြို့နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်တင်ရေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ ရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဩဂုတ်လ ၁၉ ရက်နေ့၊ နေ့လယ်(၁)နာရီအချိန်က လားရှိုးမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ စာပေစကားဝိုင်း၊ စာအုပ်ပြပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ (၃၈၀)ဦးအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်၊ ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ရေဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကျင်းပ

သင်္ဃန်းကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စာပေချစ်သူများနှ ပြည်သူများအား ယမန်နေ့မွန်းလွဲ ၁၁ နာရီက မိုးတွင်းကာလအတွင်း ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများ ကျင်းပခဲ့သည်။

ပလောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား ပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူ များအား ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့ ဆရာစံမြို့သစ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၃၆၇၈၀၀၀၀/-) ဖြင့် ဆရာစံမြို့သစ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်လမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to