ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်

ပုဇွန်တောင်  သြဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းသတ်မှတ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ပုဇွန်တောင်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက်  ဆုရကျောင်းသားကျောင်းသူများအား ဆုများကြေငြာရာ --က()မှ မောင်သီဟက ပထမဆု၊ --က()မှ မခိုင်သဇင်ထွန်းက   ဒုတိယဆု --က() မှ မတွယ်တာလင်း က တတိယဆုတို့ရရှိခဲ့ပြီး ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် လာရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်