ရန်ကုန် ဩဂုတ် ၁၉
သင်္ဃန်းကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စာပေချစ်သူများနှ ပြည်သူများအား ယမန်နေ့မွန်းလွဲ ၁၁ နာရီက မိုးတွင်းကာလအတွင်း ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူး ဒေါ်လှလှနွယ် က မိုးတွင်းကာလအတွင်း ဖြစ်ပေါ်တတ်သောသဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ရေကြီးရေလျှံခြင်း အန္တရာယ်များဖြစ်ပေါ်လာပါက ပြည်သူများအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းပြောကြားပြီး အကူအညီလိုအပ်ပါက ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များ ဌာနများကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်ပြီး အသိပညာပေးသည့်အနေဖြင့် ရေကြီးရေလျှံခြင်း အန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် နံရံကပ်စာစောင်များပြသခြင်း စာအုပ်/ စာစောင်များ ခင်းကျင်းပြသခဲ့ပြီး အခမ်းအနားသို့ စာပေချစ်သူများ၊ ပြည်သူများ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)