လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်  လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ် (၁၉)ရက်နေ့ နေ့လယ် (၁၂)နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်(၁)ပြည် (၁၆၀၀)ကျပ်နှုန်းဖြင့် ရောင်းချ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ကဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်(၁)ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်း က အမှတ်(၂)ရပ်ကွက်တွင် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဖျာပုံမြို့၌ "စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရေး" အသိပညာပေး (Talk Show) ပြုလုပ်

ဖျာပုံမြို့၌ "စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရေး" အသိပညာပေး (Talk Show) ပြုလုပ် ဖျာပုံ ဩဂုတ် ၁၉ အောင်ဝင်းနိုင်

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် လူငယ်ရေးရာမူဝါဒ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတက်ရောက်

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက လူငယ်ရေးရာမူဝါဒများကို လူငယ်ကော်မတီဝင်များသို့ ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တောင်ဇီးချောင်းသဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာ ဖူလုံစေရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် (တတိယ)အကြိမ်မြောက် ငါးမျိုး စိုက်ထည့်ခြင်းကို ယနေ့  ဩဂုတ်လ ၁၉ ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့သည်။ 

ကျေးရွာအရောက် ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စု၊ စမ်းမြိုင်ကျေးရွာရှိ ကျေးရွာနေပြည်သူများအား မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် ဖြူးမြို့နယ်(၁၆) ကုတင်ဆံ့ တိုင်းရင်း ဆေးရုံတို့ ပူးပေါင်းကာ ကျန်းမာရေး အသိပညာပေးဟောပြောပြီး ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က စမ်းမြိုင်ကျောင်းတိုက်တွင် ကျေးရွာအရောက် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသမြစိမ်း ရောင်စီမံကိန်း (ဆီထွက်သီးနှံ) စတင်ဆောင်ရွက်မည့် ကြူတောကန်အုပ်စု နတ်ပုတီးကျေးရွာအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို နတ်ပုတီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့နေ့လည်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့နံနက်(၁၁)နာရီခွဲက သဘာဝဘေးအန္တရာယ် အကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

မာန်အောင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းနှင့်လူနေအိမ်များ ခေါင်မိုးလန်ပျက်စီးခြင်း၊ ရေတိုက်စားမှုကြောင့် လမ်းများပျက်စီးခြင်း၊  တံတားများ မျောပါသွားခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Subscribe to