စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့က မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်း ပေးကြသည်။

မော်လမြိုင်မြို့၌ အနာဂတ်ကြယ်ပွင့် ကလေးငယ်များဘ၀အလင်း ထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနှင့်ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော  အနာဂတ်ကြယ်ပွင့်ကလေးငယ်များ ဘ၀အလင်း ထွန်းတောက်လာစေဖို့ စာသင်ကျောင်းများ အရောက် သွားရောက်၍

ရေတာရှည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မား​ရေး အသိပညာပေး ဆွေး​နွေးပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား​ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းအား ယမန်နေ့  နေ့လယ် ၂ နာရီအချိန်တွင် ဇလုပ်ကြီး​ကျေးရွာအုပ်စု၊ ထန်းကုန်း​ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ်အတွင်း ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီနှင့်ဆန်များ ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် Diamond Dragon Co.lt တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၌ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီနှင့်ဆန်များရောင်းချပေးခဲ့သည်။

ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ဒေသနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအထောက်အကူပြုနိုင်ရန်အတွက် လူသုံးကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းကို

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ကန်သာယာကန်အား သာယာလှပ ရေးနှင့် ရေသိုလှောင်နိုင်မှုပမာဏ တိုးမြင့်ရေးအတွက် ထပ်မံတူးဖော်ခြင်းနှင့် ကန်ပတ်လမ်းပြု လုပ်ပြီးစီးခြင်း အထိမ်းအမှတ်အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ကန်သာယာကန်အားသာယာလှပရေးနှင့် ရေသိုလှောင်နိုင်မှုပမာဏ တိုးမြင့်ရေးအတွက် တပ်မံတူးဖော်ခြင်းနှင့် ကန်သာယာပတ်လမ်းပြုလုပ်ပြီး စီးခြင်းအထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ(၁၉)ရက်၊ နံနက်ပိုင်းတွင် အဆိုပါကန်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မျောက်ကျောက်ရောဂါ အသိပညာပေးနံရံကပ်စာစောင်ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါ အသိပညာ‌ပေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အသိ ပညာပေးနံရံကပ်စာ‌စောင်ပြပွဲကို မိဘပြည်သူများအနေဖြင့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍

သာကေတမြို့နယ် ပတ္တမြား အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းတွင် လာရာက်ကုသသူ များပြား

ရန်ကုန်တိုင်ဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀၈ တောင်မဟာဗောဓိ စွယ်တော်ရှင်စေတီတော် အနီးရှိ ပတ္တမြားစာသင်တိုက်တွင် ဆရာတော်များ ဦးစီးသော ပတ္တမြား အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းကို ၂၀၁၃ ခုနှစ်မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် (၁၀)နာရီမှ မွန်းလွဲ (၂)နာရီအထိ ဖွင့်လှစ်ခဲ့ရာ လာရောက်ပြသကုသသူ များပြားသဖြင့် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆေးခန်းဖွင့်လှစ်သည့် ရက်များ၌ လူဦးရေ(၁၀၀)ကိုသာ သတ်မှတ် ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ငလျင်ဇာတ်တိုက် လေ့ကျင့်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က အဆိုပါကျောင်း၌ ငလျင်ဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကျင်းပကြောင်း သိရသည်။

သထုံမြို့ ဆုတောင်းပြည့် နှီးဘုရားကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့သန့်ရှင်း သာယာ‌ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ အပတ်စဉ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်ခန့်က သိမ်ကုန်းရပ်ကွက်၊ မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဆုတောင်းပြည့် နှီးဘုရားကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။
Subscribe to