ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်သစ်ပင်ပိကျခြင်း၊ လျှပ်စစ်မီးကြိုးများနှင့် ဓာတ်တိုင်ကျိုးကျဖြစ်ပွားမှုများ ရှင်းလင်းခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်

ဒဂုံအရှေ့ ဩဂုတ်လ ၁၉

ရန်ကုန်တိုင်းဒေသကြီး၌ မို့အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ်()ရပ်ကွက် ညောင်ရမ်းလမ်းနှင့် ပင်းယ()လမ်းထောင့် လူနေအိမ်အမိုးပေါ်သို့ သစ်ပင်ပိကျခြင်း၊ အမှတ်()ရပ်ကွက် စိတ္တသုခလမ်းတွင် 400V ဓာတ်အားလိုင်းပေါ်သို့ သစ်ပင်ပိကျခြင်းနှင့် အမှတ်(၅၂) ရပ်ကွက်ဓာတ်တိုင်ကျိုးကျခြင်းအား တိုင်အသစ်စိုက်၍ လျှပ်စစ်မီးကြိုးများ ပြန်ဆွဲကာဆာဗစ်ကြိုးများ တိုင်အသစ်ပေါ်ပြောင်းရွှေ့တပ်ဆင်ခြင်း လုပ်ငန်းများကို ယမန်နေ့ညနေပိုင်းတွင် သက်ဆိုင်ရာဌာနများရှိ ဝန်ထမ်းများက ချက်ချင်းသွားရောက် ဖယ်ရှားရှင်းလင်းခြင်းနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ပွားမှုများမှာ ဩဂုတ်လ ၁၈ ရက် နေ့လည်ပိုင်းအချိန်က ဖြစ်ပွားခဲ့ပြီး အမှတ်()ရပ်ကွက် ညောင်ရမ်းလမ်းနှင့် ပင်းယ()လမ်းထောင့် လူနေအိမ်သစ်ပင်ပိကျရာတွင် လူ၊တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း နေအိမ်ပေါ်ရှိပိကျနေသောသစ်ပင်များအား မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် တပ်ဖွဲဝင်အင်အား (၁၅)ဦးဖြင့် ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် မြို့နယ်လျှပ်စစ်ဌာနဝန်ထမ်းများ၊ မြို့နယ်ပန်းဥယျာဉ်ဝန်ထမ်းများ ပူးပေါင်း၍ အမှတ်()ရပ်ကွက် စိတ္တသုလမ်း 400V ဓာတ်အားလိုင်း သစ်ပင်ပိနေခြင်းတို့အား သွားရောက်ဆောင်ရွက်ခြင်းအပြင် မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများက အမှတ်(၅၂)ရပ်ကွက်ဓာတ်တိုင်ကျိုးကျမှုများတွင် တိုင်အသစ်စိုက်ထူခြင်းမီးကြိုးလိုင်းများ ပြန်ဆွဲကာဆာဗစ်ကြိုးများ တိုင်အသစ်ပေါ်သို့ပြောင်းရွေ့တပ်ဆင်ခြင်းများကို လျင်မြန်စွာဖြင့် သက်ဆိုင်ရာဌာနအသီးသီးရှိ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၌ ဖြစ်ပေါ်လျက်ရှိသော သဘာဝဘေးဖြစ်ပေါ်မှုများအပေါ် ကူညီဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်တွင်လျှပ်စစ်ဓာတ်ကြိုးပြတ်တောက်မှုများ၊ သစ်ပင်များကျိုးကျခြင်းများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာဌာနများဖြင့် ချိတ်ဆက်ကာ အရေးပေါ်ခေါ်ဆိုရမည့် ဖုန်းနံပါတ်များအား ရပ်ကွက်တာဝန်ရှိသူများဖြင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)