ဝေါမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

ဝေါ သြဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်  စက်သုံးဆီအရောင်းဆိုင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များကို ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်း  ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင် များအား စက်သုံးဆီများ ရောင်းချမှုရပ်တန့်မှု မရှိစေရေး၊ အကန့်အသတ်ဖြင့် ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဈေးနှုန်းများ မြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေးကို ဆွေးနွေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

အောင်မြတ်လင်း (ပြန်/ဆက်)