ပလောက် ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူ များအား ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများ ကျောင်းပိတ်ရက်အားလပ်ချိန်တွင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်/စာပေများ ဖတ်ရှုလေ့လာခြင်း၊ ကြိုက်နှစ်သက်ရာ အားကစားနည်းများကို ပါဝင်ယှဉ်ပြိုင်ကစားခြင်းဖြင့် အသိပညာများနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြိုင်ပွဲများကို ဆောင်ရွက်ပေး လျက်ရှိရာ စာအုပ်ရွက်ပြိုင်ပွဲ၊ စကားပုံဆက် ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများနှင့် စာကြည့်တိုက်သို့လာရောက် သည့် ကလေးငယ်များဖြင့် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)