အမာ ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နေ့လယ် (၁)နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့ဦးစီးမှူးနော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက် ကိုရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင်များက စာရေးဆရာ တက္ကသိုလ် စိုးမိုးနိုင်ရေးသားသည့် "အောင်မြင်သူတို့၏ နှလုံးအိမ်" စာအုပ်ထဲမှ “လောကဓံကိုစိန်ခေါ်ခြင်း” စာစုကို အလှည့်ကျဖတ်ရှုဆွေးနွေးပြီး စာပေဝါသနာရှင်များကလည်း မိမိတို့နှစ်သက်သည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းတွင် စာပေဝါသနာရှင် (၁၀)ဦး ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အမာ(ပြန်/ဆက်)