မာန်အောင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွား

မာန်အောင် သြဂုတ်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းနှင့်လူနေအိမ်များ ခေါင်မိုးလန်ပျက်စီးခြင်း၊ ရေတိုက်စားမှုကြောင့် လမ်းများပျက်စီးခြင်း၊  တံတားများ မျောပါသွားခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်ကြောင့် သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ အဝင်တွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဖေါက်လုပ်ထားသည့် ကျောက်ချောလမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းကျောက်ချောလမ်းကျေးရွာအတွင်း ဘုန်းကြီးကျောင်းအနီး ကျောက်စီ မြေထိန်းနံရံတို့မှာ ရေတိုက်စား ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

ထို့အပြင် သိမ်ကုန်းကျေးရွာနှင့် ဆင်နားချောင် ကျေးရွာချင်းဆက်လမ်းရှိ (ဝါးတံတား)စ်စင်းမှာ ချောင်းရေစီးထဲ မျောပါသွားခဲ့ပြီး  ဘူးရေမျက်ကျေးရွာအုပ်စု၊ ကွမ်းမြိုင်ကုန်း ကျေးရွာရှိ နေအိမ်တစ်လုံးနှင့်  မိမ္မကြွယ်ကျေးရွာအုပ်စု၊ ..က မိမ္မကြွယ် စာသင်ကျောင်း ခေါင်မိုးနှင့် သစ်သားတန်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပြင်ကောက်ကျေးရွာအုပ်စု၊ ပြင်ကောက်ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် တည်ဆောက် ထားသော ကမ်းခြေဆင်းလမ်းရှိ သစ်တားတံတားတစ်စင်း ရေစီးဖြင့်မျောပါ ပျက်စီးသွားခဲ့ကြောင်း၊ ..က ပြင်ကောက် စာသင်ကျောင်းအတွင်းရှိ ကျောင်းအုပ်ဆရာမကြီး နေထိုင်သော အဆောင်ခေါင်မိုး လန်သွားခဲ့ကြောင်းနှင့် လူနှင့်တိရိစ္စာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)