ပေါင်းတည် သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသမြစိမ်း ရောင်စီမံကိန်း (ဆီထွက်သီးနှံ) စတင်ဆောင်ရွက်မည့် ကြူတောကန်အုပ်စု နတ်ပုတီးကျေးရွာအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို နတ်ပုတီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့နေ့လည်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးမျိုးသန့် က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးယုနိုင်လင်း က ကျေးလက်ဒေသမြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) စတင်ဆောင်ရွက်မည့် နတ်ပုတီးကျေးရွာတောင်သူများအား စီမံကိန်းမိတ်ဆက်ရှင်းလင်းပြီး တက်ရောက်လာသည့် ကျေးရွာသူရွာသားများဖြင့် လုပ်ငန်းကော်မတီဖွဲ့စည်းပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)