ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်

ဓနုဖြူ ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တောင်ဇီးချောင်းသဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာ ဖူလုံစေရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် (တတိယ)အကြိမ်မြောက် ငါးမျိုး စိုက်ထည့်ခြင်းကို ယနေ့  ဩဂုတ်လ ၁၉ ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ချိုဦး၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်၊ မအူပင်ခရိုင်နှင့် ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မအူပင်မြို့နယ် အောင်ဟိတ်ငါးလုပ်ငန်းစခန်း တာဝန်ခံနှင့်အဖွဲ့၊ ဖုန်းဆိုးတောင် အုပ်ချုပ်ရေးမှူးနှင့် အင်းသားကြီးများ တက်ရောက်ကြပြီး အောင်ဟိတ်ငါးသားဖောက် စခန်းမှ ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ (၂၀၀၀၀၀)၊ ငါးခုံးမကြီးငါးသားပေါက် ကောင်ရေ (၁၅၀၀၀၀)၊ ရွှေဝါငါး‌ကြင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀) စုစုပေါင်း ငါးသား‌ပေါက်ကောင်ရေ (၄၀၀၀၀၀)ကို ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ တောင်ဇီးကျေးရွာရှိ တောင်ဇီးချောင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)