ကဝမြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်(၁)ပြည် (၁၆၀၀)ကျပ်နှုန်းဖြင့် ရောင်းချ

ကဝ  ဩဂုတ်  ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ကဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်()ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်း က အမှတ်()ရပ်ကွက်တွင် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ က မိဘပြည်သူများအား မနောသုခဆန် ()လုံးကိုက် တစ်ပြည်လျှင် ငွေကျပ်(၁၆၀၀)နှုန်းဖြင့် မိမိတို့ တတ်နိုင်သမျှဝယ်ယူနိုင်ရေးအတွက် မော်တော်ယာဉ်များဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။

ပြည်သူများဆန်စားသုံးမှု အခက်အခဲမရှိစေရန် ဆန်အိတ်(၁၅၀)အိတ်အား သတ်မှတ်နေ့ရက်အလိုက် ကျန်ရှိနေသောမြို့ပေါ်ရပ်ကွက်များသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)