ငရုတ်ကောင်းမြို့တွင် တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် ရေနစ်မြှပ်လျက်ရှိသော အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာအုပ်စု၊ သံပတ်ကွင်းကျေးရွာတွင် ဩဂုတ် ၁၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေနှင့် ဒီရေမြင့်တက်မှုကြောင့် နေအိမ်များသို့ ရေများဝင်ရောက်နစ်မြှပ်ခဲ့ကြောင်း သိရသည်။

လင်းခေးမြို့ ပန်ဝေါင် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ က လင်းခေးမြို့ ပန်ဝေါင်အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူ၊ လူငယ်၊လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊စာစောင်များ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ‌အနောက်ဘက်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတရရှိစေရန်၊ အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမည့် ကလေးများရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေရန်

ညောင်တုန်းမြို့နယ်တွင် အဘိဓမ္မာ၊ ဝိသုဒ္ဓိမင်္ဂသင်တန်းဖွင့်ပွဲနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အဘိဓမ္မာ၊ ဝိသုဒ္ဓိမင်္ဂသင်တန်းဖွင့်ပွဲနှင့် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က သာသနာလင်္ကာရကျောင်းကြီး​ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေသည်များကို ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများ၏ပင်စင်လစာငွေများ ပင်းတယမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ လစဉ်ပုံမှန်ထုတ်ပေး

မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့်လုပ်သက်ပြည့် ပင်စင်လစာငွေများအား လစဉ်ပုံမှန်ရုံးဖွင့်ရက်(၂၁) ရက်နေ့မှစတင်ထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိသည်။

ကျောင်းကုန်းမြို့၌ ပလပ်စတစ်အိတ်အသုံးမပြုရေးနေ့စတင်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း ယမန်နေ့က ပလတ်စတစ်အိတ် အသုံးမပြုရေးနေ့ စတင်ကာ ကြာဖက်၊ အင်ဖက်၊ သတင်းစာများဖြင့်သာ ရောင်းချနေကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ အများပြည်သူသွားလာရ အဆင်ပြေစေရေး YBS 23 စတင်ပြေးဆွဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အများပြည်သူအား ခရီးသည် ပို့ဆောင်နိုင်ရေးအတွက် တွံတေး-လှိုင်သာယာ(BOC)၊ တွံတေး-ဒလမြို့နယ်များသို့ YBS 23 ယာဉ်လိုင်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက ​လွတ်လပ်ရေးကျောက်တိုင် (ယာယီ)ဂိတ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to