ကျောင်းကုန်းမြို့၌ ပလပ်စတစ်အိတ်အသုံးမပြုရေးနေ့စတင်

ကျောင်းကုန်း ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း ယမန်နေ့က ပလတ်စတစ်အိတ် အသုံးမပြုရေးနေ့ စတင်ကာ ကြာဖက်၊ အင်ဖက်၊ သတင်းစာများဖြင့်သာ ရောင်းချနေကြောင်း သိရသည်။

ပြီးခဲ့တဲ့ (၃)ရက်လောက်က အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့ဟု သတ်မှတ်ကြောင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး ယခုပထမဆုံး တနင်္ဂနွေနေ့မှာ ဈေးသည်များ စည်းကမ်း လိုက်နာလျက်ရောင်းချနေကြောင်း သိရသည်။

တစ်ပတ်ကို တစ်ရက်သာ အင်ဖက်၊ ငှက်ပျောဖက် သတင်းစာတို့ဖြင့် ရောင်းချရမည်ဆိုသော်လည်း သား/ငါးရောင်းချနေသူများ ဖက်နဲ့ထုပ်ရာတွင် အဆင်မပြေမှုများရှိကြောင်း၊ ကြာဖက်၊ အင်ဖက်များကိုရှာဖွေ ရတာ အခက်အခဲတစ်ခုဖြစ်ကြောင်း ဈေးဝယ်သူများ အနေဖြင့်လည်း သယ်ယူရာတွင် လုံခြုံမှုမရှိခြင်းတို့အတွက် အခက်အခဲကိုယ်စီ ဖြစ်နေကြ ကြောင်း ဒေသခံတစ်ဦးက  ပြောသည်။

ဝင်းကြိုင်(ကျောင်းကုန်း ပြန်/ဆက်)