(၂၀၂၂-၂၀၂၃)ပညာသင်နှစ် ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ခရိုင်အဆင့်အထိမ်းအမှတ်အခမ်းအနားကျင်းပ

(၂၀၂၂-၂၀၂၃)ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အဆင့် ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ခရိုင်အဆင့်အထိမ်းအမှတ်အခမ်းအနားကို အ-ထ-က ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ယမန်နေ့ နေ့လယ်အချိန်က ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ဟင်္သာတမြို့နယ်တွင် ခရိုင်အဆင့် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး (ရက်တို) သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်အဆင့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေး (ရက်တို) သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဟင်္သာတ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ပူတာအိုမြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားလာသော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်အတွက် သက်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အချိန်နှင့် တစ်ပြေးညီ အလျှင်အမြန်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ပူတာအို မြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ငဖဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား) (၈၆၆)ဦး၏ ပင်စင်လစာငွေများ စတင် ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၃)အုပ်စုတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စာ( ၈၅၈ )ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်း(ပင်စင်စား)များ၏ ဩဂုတ်လအတွက် ပင်စင်လစာများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကျန်းမျာရေးလမ်းညွှန်ချက်များနှင့်အညီ အလှည့်ကျ သတ်မှတ်နေ့အလိုက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ဧည့်မထဆန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက ကိုဗစ်-၁၉ ဖြစ်ပွားနေ စဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက် ကုန်ဖြစ်သည့် ဧည့်မထဆန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး ခြင်းကို မြို့နယ်တာဝန်ရှိသူများက ယနေ့ နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ဘိုကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က တောင်တွင်းကြီးမြို့နယ် ဘိုကုန်းကုန်းစု ဘိုကုန်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းနေပြင်ပ အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ  ကျောင်းနေပြင်ပ ကလေးသူငယ်များအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျောင်းနေပြင်ပ အသက်(၅)နှစ်နှင့် (၁၅)နှစ်အတွင်းရှိ  ကလေးသူငယ်များအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် စုရပ်နေရာများတွင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် စျေးနှုန်းသက်သာစွာဖြင့် ဆန်များရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ နေထိုင်ကြသည့် မိဘပြည်သူများ ဆန်ကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒေသကော်မတီ (၅) ဖျာပုံခရိုင်နှင့် ကျိုက်လတ်မြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် ဆန်ကုန်သည်အသင်းတို့ ပူးပေါင်း၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော၊ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူလတန်းလွန်ကျောင်း(ကြေးနန်းဝင်း)တွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ ကုန်မျိုးစုံ‌ရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန် တွင် မြို့မဈေးခေါင်းရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Subscribe to