မော်လမြိုင်ကျွန်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲ အား ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။

မြန်မာအလုပ်သမားများ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေးလုပ်ငန်းစဉ်အရ ယနေ့နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမားအမျိုးသား (၁၀၀)ဦး၊ အမျိုးသမီး(၉၇)ဦး၊ စုစုပေါင်းအလုပ်သများ(၁၉၇)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း‌ရေးကို ဩဂုတ် ၂၀ ရက်‌နေ့ နံနက် ၇ နာရီက တနိုင်းမြို့အဝင် ဆုတောင်းပြည့် စေတီတော်နှင့် အေးငြိမ်းချမ်းသာ သီရိမင်္ဂလာမြို့ဦးကျောင်းတို့၌ ပြုလုပ်ခဲ့ကြသည်။

နတ်မောက်မြို့နယ်တွင် ပင်စင်လစာငွေများအား နေ့အလိုက် စနစ်တကျ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ရပ်ကွက်၊ ကျေးရွာများရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်(၇)နာရီမှ စတင်၍  နေ့အလိုက် ထုတ်ပေးလျက်ရှိသည်။

ဘိုက‌လေးမြို့နယ် တာဝတိံသာစေတီတော်မြတ်ကြီး ပြန်လည်တည်ထားကိုးကွယ်နိုင်ရေးအတွက် လှူဒါန်းငွေကျပ်သိန်းပေါင်း (၇၁၉)သိန်းကျော်ရရှိခဲ့ပြီ

ဝါလကင်းလွတ် သီတင်းကျွတ် အချိန်ကာလ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ အစဉ်အလာမပျက်ဘဲ နှစ်စဉ်တာဝတိံသာ ဘုရားဆင်းပွဲတော်ကို ကျင်းပခဲ့ သည့် ဘိုကလေးမြို့နယ်၊ တာဝတိံသာ စေတီ‌တော်မြတ်ကြီးသည် ၁၉၇၃ ခုနှစ်တွင် လည်းကောင်း၊ စောင်းတန်း တော်ကြီးကို

ဖား​ဆောင်းမြို့နယ် ​​​​​​​​​​​​မြောက်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့် ထိုးနှံရေးအတွက် အသိပညာ​ပေး နှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှု​ဝန်ထမ်းဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက မြောက်ပိုင်းရပ်ကွက်၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ပုလောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ပုလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယုမြို့၌ စာဖတ်သူများထံ စာအုပ်စာစောင်များ ဆက်လက်ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒေသတွင်းရှိ စာဖတ်သူပြည်သူများထံ စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာပေဝါသနာရှင်များ စာပေကိုလွယ်လင့်တကူ လေ့လာဖတ်ရှု့နိုင်ရန်အတွက် နယ်လှည့်စာကြည့်တိုက်(Mobile Library)စနစ်ဖြင့် စာအုပ်စာစောင်များ ဆက်လက်ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ဒေးဒရဲမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက်ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုး‌မြေပဲများစတင်နှုတ်သိမ်း တစ်ဧကတင်း(၆၀)ခန့်ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ကျေးရွာများရှိ မိုးမြေပဲစိုက်ပျိုးသည့်တောင်သူများ ယခုရက်ပိုင်းအတွင်း စတင်နှုတ်သိမ်းနေပြီဖြစ်ရာ မိုးဦးမိုးရွာသွန်းမှု အားကောင်းသောကြောင့် အပင်ဖြစ်ထွန်းမှုနှင့် ဥနှုန်းအား‌ကောင်းသဖြင့် ရောင်းချသည့်အချိန်တွင် ယခင်နှစ်ကထက် ဈေးကောင်းရရှိကြောင်း မိုး‌မြေပဲစိုက်တောင်သူတစ်ဦးထံမှ ကြားသိရသည်။
Subscribe to