ညောင်ဦး ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အမှတ်(၇)၊ ဝက်ကြီးအင်းရပ်ရှိ အနော်ရထာနှစ်လမ်းသွားလမ်းမကြီးပေါ်တွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ကုက္ကိုကိုင်းကျိုးကျ၍ လမ်းပိတ်နေခြင်းအား ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးစီးအရာရှိထံက သိရသည်။
အနော်ရထာနှစ်လမ်းသွားလမ်းမကြီးပေါ်သို့ ကုက္ကိုကိုင်းကျိုးကျနေခြင်းအား ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင် (၅) ဦး၊ အထောက်အကူပြုယာဉ်တစ်စီး၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၅) ဦး၊ လူမှုကူညီရေးယာဉ်တစ်စီးတို့ဖြင့် လမ်းပိတ်ဆို့ကျိုးကျနေသည့် ကုက္ကိုကိုင်းအား ရှင်းလင်းဖယ်ရှားပေးခဲ့ကြရာ နံနက် ၁၁ နာရီခွဲခန့်တွင် ဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့ကြောင်း၊ ကုက္ကိုကိုင်းကျိုးကျမှုကြောင့် လူ/ယာဉ်နှင့် တိရစ္ဆာန်၊ အဆောက်အဦများ ထိခိုက်ဆုံးရှုံးပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ