ဒဂုံတောင် ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ က မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက်ကြောင်း သိရသည်။
အသိပညာပေး (Talk Show)တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေး က အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များပြောကြားပြီး မျောက်ကျောက်ရောဂါ လက္ခဏာများအား မိဘပြည်သူများ ကျန်းမာရေးဗဟုသုတများ ရရှိနိုင်စေရန်အတွက် ဆက်လက်ပြောကြားသည်။
ထို့နောက် ဒုတိယဦးစီးမှူး က မျောက်ကျောက်ရောဂါ လက္ခဏာများဖြစ်သည့် လတ်တလောဖျား ခြင်း၊ အနီစက်အရည်ကြည်ဖုထွက်ခြင်းများ၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့်ခြင်း စသည့်များနှင့် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အပြင်သွားလာ သည့်အခါတိုင်း ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုမကြာခဏ စနစ်တကျဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်တို့အား ရှင်းလင်း ပြောကြားသည်။
အဆိုပါ Talk Show အစီအစဉ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းအေး(ဒဂုံတောင်)