ဗိုလ်တထောင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ဗိုလ်တထောင်        ဩဂုတ်  ၂၄

ရန်ကုန်အရှေပိုင်းခရိုင်၊ဗိုလ်တထောင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့နံနက် (၁၁)နာရီက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သိန်းသိန်းယဉ် က အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက် ကိုရှင်းလင်းပြောကြားပြီး ဆရာမ ဒေါ်ဇင်ဇင်မော်က သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားတတ်ပုံ၊ သွေးလွန်တုပ်ကွေး ရောဂါ၏ လက္ခဏာများ၊ မည်သည့်အချိန်တွင်ဖြစ်စေ အိပ်သည့်အခါ ခြင်ထောင်နှင့် အိပ်ရန်၊ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေး ခြင်ဆေးဖျန်းခြင်း၊ ရေသိုလှောင်ကန် များတွင်အဘိတ်ဆေးခတ်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများရှင်း လင်းခြင်းနှင့်အမှိုက်များရှင်းလင်းခြင်းများကို ဆောင်ရွက်ရန်၊ မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များသော ကြောင့် ပို၍သတိထားရန်နှင့်  ပြည်သူများ လည်းပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း တို့ကို အကျယ်တဝင့်ဆွေးနွေးကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)