ရန်ကင်း သြဂုတ် ၂၄
ရန်ကင်းမြို့နယ်တွင် အမှတ် (၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် Sinopharm/Sinovac ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Sinovac) ကာကွယ် ဆေးကို ယမန်နေ့နံနက် (၀၉:၀၀)နာရီအချိန် က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ Covidshield ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား (Sinopharn) ကာကွယ်ဆေးကို ထိုးနှံပေးပြီး ပထမအကြိမ် ၁၈နှစ်အထက်များအား (Covaxin)၊ အသက်၁၅နှစ်မှ ၁၈နှစ်အထိ ကျောင်းပြင်ပ ကလေးများအား (Sinovac)၊ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)