သာကေတမြို့နယ်၌ တိုင်းရင်းဆေးပညာ သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

သာကေတ သြဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ တိုင်းရင်းဆေးပညာသိကောင်းစရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀:၀၀) အချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ဆွေးနွေးခဲ့ပြီး ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် တိုင်းရင်းဆေးပညာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အခြေခံသဘောတရားများ၊ ဖြစ်ပွားတတ်သောရောဂါများအား ကာကွယ်နေထိုင်နည်းများအား မေးမြန်းဆွေးနွေးရာ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်မှ တိုင်းရင်းဆေးပညာဆိုသည်မှာ လူ၏ခန္ဓာကိုယ်တွင် ဖြစ်ပွားတက်သည့်ရောဂါ ကာကွယ်ရန်၊ ရောဂါရှာဖွေရန်နှင့် ကုသမှုပြုရန်အတွက် ကွဲပြားခြားနားသော နည်းစနစ်များ၊ နည်းလမ်းများ အသိပညာနှင့် ယုံကြည်မှုများကို အခြေခံ၍ အပင်ထွက်၊ တိရစ္ဆာန်ထွက်ပစ္စည်း(သို့မဟုတ်) တွင်းထွက်ဓာတ်သတ္တုများကို အခြေပြုဖော်စပ်ထားသည့် ဆေးများ၊ စိတ်ဝိဉာဉ်ဆိုင်ရာ ကုထုံးများ၊ လက်နှိပ်ကုထုံးနှင့် လေ့ကျင့်ခန်းဆိုင်ရာများကို သီးသန့် (သို့မဟုတ်) စုပေါင်းဆောင်ရွက်သည့် နည်းစနစ်များပါဝင်သည့် ပညာရပ်ဖြစ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်အညီ ဒေသနာနယ၊ ဘေသက္ကနယ၊ နက္ခတ္တနယ၊ ဝိက္ကစရနယဟူသည့် နယကြီး()ပါးတို့နှင့်အညီ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆွေးနွေးပြီး လူ့၏ခန္ဓာကိုယ်တွင် ဖြစ်ပွားတက်သောရောဂါများအား ကင်းဝေးရန် တိုင်းရင်းဆေးပညာနှင့်အညီ နေထိုင်စားသောက်ပုံများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)