တောင်ဥက္ကလာပ ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပဒေသာ အားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ (၁၄)ခရိုင်၊ အသက်(၁၆)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအဖြစ် အုပ်စု(က)မှ လှည်းကူးခရိုင်နှင့် ဗိုလ်တစ်ထောင်ခရိုင်အသင်းတို့ ယမန်နေ့မွန်းလွဲ(၃:၀၀)အချိန်က ပွဲဦးထွက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယသိပ္ပံဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ (၁၄)ခရိုင်မှ၊ အုပ်စု(၄)ခု၊ အသင်း(၁၄)သင်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ၂၄.၈.၂၀၂၂မှ ၉.၉.၂၀၂၂ ထိ ပွဲစဉ်ပေါင်း (၂၆)ပွဲရှိရာ အုပ်စုပွဲစဉ်များကို တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာကွင်းနှင့် တောင်ဒဂုံမြို့နယ်ကွင်းတို့တွင် တစ်ရက်လျှင် (၂)ပွဲနှုန်းဖြင့် တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ နောက်ဆုံး ဗိုလ်လုပွဲကို ၉.၉.၂၀၂၂ တွင် သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
စိုးဝဏ္ဏထွန်း(ပြန်/ဆက်)